မေတ္တာပို့


မင်းကွန်းဆရာတော်ဘုရားကြီး​၏

မေတ္တာသုတ်လာမေတ္တာပွားနည်း(၁၁)နည်း 


၁။အလုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။


၂။ ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွား သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။


၃။မြင်အပ် မမြင်အပ် ၊ နှစ်ရပ်များစွာ သတ္တဝါ။ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။


၄။ဝေးနေ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ ။

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။

၅။ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး

ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။


၆။ ရှည်၊တို ၊အလတ်၊ သုံးရပ်ခန္ဓာ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ 

ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ 


၇။ ကြီး၊ငယ် ၊အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ။ 

ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ 


၈။ဆူ၊ကြုံ၊အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ် ၊ မြဲပါစေ။ ။ ၊ 

ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။ 


၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ။ 


၁၀။အထင်သေးခြင်း၊ အချင်းချင်း၊ကင်းရှင်းကြပါစေ။


၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ ။




Comments