"မင်းကွန်းဆရာတော်ကြီး၏ သံဝေဂဂါထာ"
လာတုန်းကလည်း တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ၊
မလိုဒေါသ လိုလောဘနှင့်၊
ဘဝရိပ်မြုံ ကကြိုးစုံခဲ့။
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်စောလျင် ခရီးနှင်သည်။
တို့သည် ဧည့်သည်ပါတကား။
Comments
Post a Comment