မင်းကွန်းဆရာတော်ကြီး၏ သံဝေဂလင်္ကာ"
ရုပ်နာမ်ဓမ္မ သင်္ခါရတို့
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တဖုံဆင်ကွဲ သူတနဲဖြင့်
ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ သေပိမ့်ငါဟု
သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင်
တစက်ကမျှ မရှိကြဘူး။
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ်ကြစေနှင့်။
မင်းကွန်းဆရာတော်
Comments
Post a Comment