Dhamma first post

မင်းကွန်းဆရာတော်

                   မေတ္တာသက်လုံ လုံရဲ့လား


အား သက်လုံ ပျက်သောနွား အမြှုပ်ထွက်လွယ်သည်၊ ဝန်မနိုင်။ မေတ္တာ သက်လုံပျက်သူ ဒေါသအမြှုပ် ထွက်လွယ်သည်၊ ခန္တီ ဝန်မနိုင်။ အလောဘ သက်လုံပျက်သူ ရာဂအမြှုပ် ထွက်လွယ်သည်၊ သမထ ဝန်မနိုင်။ အမောဟ သက်လုံပျက်သူ မောဟအမြှုပ် ထွက်လွယ်သည်၊ ဝိပဿနာ ဝန်မနိုင်။ ဟိရိသြတ္တပ္ပ သက်လုံပျက်သူ ကိလေသာအမြှုပ် ထွက်လွယ်သည်၊ သီလ ဝန်မနိုင်။ သဒ္ဓါ သက်လုံပျက်သူ မစ္ဆေရအမြှုပ် ထွက်လွယ်သည်၊ ဒါန ဝန်မနိုင်။

      "ဒေါသကထာကျမ်း"


Comments